ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲသည့် တောင်သူများအား ဂုဏ်ပြုချီးမြှင့်

သာယာဝတီ နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲသည့် တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုအုပ်စုအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက စိုက်ပျိုးရေးဦးစီးဌာန သာယာဝတီမြို့နယ် ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက အမှာစကားပြောကြားပြီး ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲသည့် တောင်သခြောက်ဦးနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စု တစ်အုပ်စုတို့အား မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)