ဖြူး နိုဝင်ဘာ ၈
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းပို့ကုန် ကုမ္ပဏီများမှစုပေါင်း၍ လွန်ခဲ့သည့်ရေကြီးနှစ်မြှပ်မှုဖြစ်ပေါ်နေသည့် ဒေသများတွင် အချိန်မီစိုက်ပျိုးနိုင်ရန် မတ်ပဲမျိုးစေ့နှင့် နေကြာစပ်မျိုး(၁)ပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တက်ရောက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နေကြာစိုက်တောင်သူများ၊ စုစုပေါင်း(၅၂)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မတ်ပဲမျိုးစေ့(၂၄၆၀)ပိဿာအား ဖြူးမြို့နယ်၊ လူငယ့်အားမာန်အသင်းဥက္ကဋ္ဌထံသို့လည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နေကြာစပ်မျိုး(၁)နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများကို အသင်းသား ဦးတင်ထွန်းနှင့် ဦးဘိုလှတို့ထံပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)