မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက် လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး သင်တန်းဖွင့်လှစ်

မြောင်းမြ နိုဝင်လာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေးသင်တန်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီး၊ စာကြည့်တိုက်လုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်၊ စာကြည့်တိုက် ၏ ထူးခြားသည့် ဝိသေန (၅) ရပ်၊ စာကြည့်တိုက် စီမံခန့်ခွဲနိုင်မှုနည်းလမ်းများအား သင်ကြား ပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက စာငှား၊ စာဖတ်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ရရှိစာအုပ်များ လယ်ဂျာစာရင်း ရေးသွင်းခြင်း လုပ်ငန်းများအား သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးးဦးစီးဌာနမှ တာဝန်ရှိသူများက မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၉) တိုက်မှ စာကြည့်တိုက်တာဝန်ခံများအား နိုဝင်ဘာလ (၁) ရက်နေ့မှ နိုင်ဝင်ဘာလ (၂) နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)