ရေနံချောင်း နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအား ဗီဒီယိုကလစ်ဖြင့် ဖွင့်လှစ်ပြသသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုလက်ဆောင်များနှင့် ဌာနဝန်ထမ်းများအား အခြေခံစားကုန်များကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဌာနဝန်ထမ်းများအား ဂိမ်းကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ဆုရရှိသူများအား ပထမဆု ၁၀၀၀၀၀ ကျပ်၊ ဒုတိယဆု (၇၅၀၀၀) ကျပ်နှင့် တတိယဆု (၅၀၀၀၀) ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ တက်ရောက်ခဲ့ကြပြီ တက်ရောက်လာသူများအား မုန့်ဟင်းခါးစတုဒိသာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)