ညောင်လေးပင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်

ညောင်လေးပင် နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အညာစုမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက လူကုန်ကူးအန္တရာယ်အကြောင်းနှင့် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင်များ ဖတ်၍ အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်၊ ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း လူကုန်ကူးမှုတာဆီးကာကွယ်​ရေး အသိပညာပေနံရံကပ်စာစောင်များ၊ ကလေးအလုပ်မားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)