ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် သာယာဝတီခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ

သာယာဝတီ နိုဝင်ဘာ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့်အဖွဲ့သည် သာယာ၀တီမြို့၊ ဈေးပိုင်းရပ်ကွက်၊ မင်းတဲလမ်းရှိ သာယာ၀တီခရိုင် ကော်မရှင်ရုံးသို့ ရောက်ရှိပြီး သာယာဝတီခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ယမန်နေ့နံနက် ၁၀ နာရီက တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ဦးစွာ သာယာဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ခရိုင်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေ၊ မဲရုံထားရှိနိုင်မှုအခြေအနေ၊ နိုင်ငံရေးပါတီများ၏ အမှုဆောင်ကော်မတီဝင်ဦးရေစာရင်း၊ ခရိုင်/ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဦးမျိုးလှိုင်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး အဆိုပါလမ်းရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေနေရာအသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)