ပြည်ထောင်စုရွေးကောက်ပွဲကာ်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြား

ကြို့ပင်ကောက် နိုဝင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကာ်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အရန်အဖွဲ့များ ရွေးချယ်ဖွဲ့စည်းထားရန်၊ မဲစာရင်းများ ပြည်စုံမှန်ကန်စေရေအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကာ်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်ကမှာကြားခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရီရီစိုးက ပြောသည်။

ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့အချိန်အထိ နိုင်ငံရေးပါတီ (၇) ခု မှတ်ပုံတင်ထားပြီး လာမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)