ကြံခင်းမြို့နယ်၌ မြန်အောင်ခရိုင်အဆင့် အားကစားသမားရွေးချယ်ပွဲကျင်းပ

ကြံခင်း နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး (မြန်အောင်ခရိုင်) အဆင့် အားကစားသမားများရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် ခန်းမတို့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ (မြန်အောင်ခရိုင်) အဆင့် အားကစားသမားရွေးချယ်ခြင်းကို အားကစားနည်း (၄) မျိုးဖြစ်သော ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ပြေးခုန်ပစ်နှင့် ဘောလုံးအားကစားနည်းများဖြင့် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ရာ မြန်အောင်ခရိုင်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့မှ ကာယနည်းပြများနှင့်တာဝန်ရှိသူများက ကြီးကြပ်ကာ ရွေးချယ်ပေးမှာဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ခြင်းခံရသော ကျောင်းသား၊ ကျောင်းသူအားကစားသမားများကို တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)