ဓနုဖြူ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ငါးဘတ်အိုင် ခေတ်မှီစံပြကျေးရွာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပတ်သက်၍ သဘာဝတရားကြောင့်ဖြစ်စေ၊ လူသားများ၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်စေ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေသော ညစ်ညမ်းမှု အမျိုးအစား(၇)မျိုးဖြစ်စေ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ပလတ်စတစ် လျှော့ချနိုင်ရန် နည်းလမ်း(၉)ခုနှင့် ကြွပ်ကြွပ်အိတ်လျှော့ချနိုင်မည့် နည်းလမ်း(၅)သွယ်တို့အား "ပတ်ဝန်းကျင်တစ်ခွင်လှပဖို့ပလတ်စတစ်ကို ငြင်းပယ်စို့" ဆောင်ပုဒ်အတိုင်း ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)