ပြည် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅)အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား စိုက်ပျိုးဧက (၂၀၀)အတွက် ပြည်မြို့နယ် သမဝါယမအသင်းစုပိုင်ငွေဖြင့် (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့် ညီမျှသော နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁)သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်သမဝါယ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆောင်းဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြန်/ဆက်)