စေတုတ္တရာ နိုဝင်ဘာ ၅
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး လူရည်ချွန်စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ပွဲကို စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော် ကြီးကြပ်လျက် Grade-9 တွင် ကျား (၃)၊ မ (၃)၊ ပေါင်း (၆)ဦး တို့အား ဖြေဆိုချိန် (၁း၃၀) သတ်မှတ်ထားပြီး၊ Grade-10 တွင် ကျား(၄)၊ မ(၄)၊ ပေါင်း (၈)ဦးနှင့် Grade 11 တွင် ကျား (၃)၊ မ(၃)၊ပေါင်း(၆)ဦး၊ Grade12 တွင် ကျား(၂)၊ မ(၂)၊ ပေါင်း(၄)ဦးတို့သည် ဖြေဆိုချိန် (၂)နာရီသတ်မှတ်ပေးထားကြောင်း မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာ ဖြေဆိုကြမည်ဖြစ်သည်။ နိုဝင်ဘာဘာလ (၆)ရက်နေ့တွင် အထွေထွေဗဟုသုတအား (နှုတ်ဖြေ) ကျင်းပမည်ဖြစ်ပြီး၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက်ကျင်းပပြုလုပ် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)