အုတ်တွင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျောင်းသား/ ကျောင်းသူများအား ပျားမွေးမြူရေးဆိုင်ရာ ပညာရပ်ကို စာတွေ့ /လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ ပျားမွေးမြူရေးပညာရပ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးစိုးလင်းက ပျားမွေးမြူရေး လုပ်ငန်းအကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများအား စာတွေ့ /လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ Grade-10 မှ ကျောင်းသား/ ကျောင်းသူ(၂၀) ဦး၊ Grade-11 မှ ကျောင်းသား/ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်းမွေးမြူရေး ကျောင်းသား/ကျောင်းသူ (၄၀)ဦး တက်ရောက်သင်ကြားခဲ့ပါကြောင်းနှင့် တောင်ငူမြို့နယ်အတွင်း ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ( ၁၀၈၅) ဦးရှိပါကြောင်း ပျားလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)