အင်္ဂပူ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ၊ တက်နေဝင်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း (Pilot Project) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (နေပြည်တော်)မှ ဦးမျိုးအောင်(ညွှန်ကြားရေးမှူး)နှင့် ဒေါ်ဝင်းဝင်းအေး(ညွှန်ကြားရေးမှူး) ဦးဆောင်သော တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က နိုင်ငံတော်မှ ပံ့ပိုးပေးငွေသိန်း(၁၀၀)ဖြင့် အသင်းသားများလုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဦးမျိုးအောင်(ညွှန်ကြားရေးမှူး)မှ တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း (Pilot Project) အား ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် အသင်းသားတောင်သူ ဦးမြင့်စိုး၏ မိုးစပါး (၁) ဧက စိုက်ခင်းရိတ်သိမ်းခြွေလှေ့မှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း (Pilot Project) ကြောင့် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားများ ယခင်ကထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)