ရေနံချောင်း နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းမောင်(နွေဦးမွန်)နှင့် အသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကာ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “စာပေတာဝန်” စာအုပ်ကို ဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်