ရေတာရှည်မြို့၌ ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် တစ်သျှူးကြံမျိုးစံပြကွက်သရုပ်ပြပွဲပြုလုပ်

ရေတာရှည် နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် တစ်သျှူးကြံမျိုးစံပြကွက်သရုပ်ပြပွဲကို ဆတ်သေမြောက်ကျေးရွာတောင်သူဦးသီဟန်ထွန်းပိုင် ကွင်းအမှတ်၊ ၇၃၉(က)ကြံစိုက်ဧက(၃)ဧက၌ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှညွှန်ကြားရေးမှူးဒေါ်ခင်မြင့်ကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီးရေတာရှည်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဥက္ကာသန်းမှ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှုအတွက် လမ်းညွှန်မှုပြုလုပ်ခဲ့သည်။ ထို့နောက် ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ကြံသီနှံစိုက်ပျိုးနည်းစနစ်များကို ဆွေးနွေးပြောကြားပြီးစိုက်ပျိုးရေးအထောက်အကူပြုပစ္စည်း(၆)မျိုးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)