ကျောက်တံခါး နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော တကွင်းတစ်ဆက်တည်း ဧက၅၀ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က မြို့ချောင်းကျေးရွာအုပ်စု၊မြို့ချောင်းကျေးရွာရှိ မိုင်တိုင်အမှတ်(၈၄/၂) တောင်သူ ဦးလှထွန်း၏ မိုးစပါးစိုက်ခင်း(၁၀)ဧကတွင် စုပေါင်းရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ မြို့နယစိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်နိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးကျော်သူနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကလျှင် ပျမ်းမျှ အစိုအထွက်နှုန်း ၁၄၃တင်းထွက်ရှိခဲ့ပြီး အခြောက်အထွက် ၁၃၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)