အုတ်ဖို နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမီတက်တို့၏ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(နေကြာမျိုး) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကေခိုင်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်သိန်းတို့က နေကြာစိုက်ပျိုးမည့်တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြသည်။ ထို့နောက် နေကြာစိုက်ပျိုးမည့် ဂုံညင်းတန်းကျေးရွာ၊ မှက္ကဒန်ကျေးရွာနှင့် တက်ဆွဲကျေးရွာတို့မှ (စိုက်/ထွေ)သမဝါယမအသင်းသားတောင်သူ (၉၀)ဦး၏ ဧက (၄၀၀)အတွက် (၂) ဧကလျင် ရေဆင်းစပ်မျိုး (၁) နေကြာမျိုး (၁)အိတ်နှုန်းဖြင့် နေကြာမျိုးအိတ်(၂၀၀)ကို တောင်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)