ပေါင်းတည် အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအားအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က မသန်စွမ်းသူများအား အာဟာရ ကြက်ဥများနှင့် ထောက်ပံ့ငွေများလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင် ဦးဆောင်၍ အသင်းအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား တစ်ဦးလျှင် အာဟာရအစားအစာ ကြက်ဥများနှင့် ငွေကျပ်တစ်သောင်း ငါးထောင်ကို မသန်စွမ်းသူများ၏ အိမ်တိုင်ယာရောက် သွားရောက် လှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)