သာပေါင်း အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းကောက် ကျေးရွာအုပ်စု၊ရွှေဇံအိုး ကျေးရွာအုပ်စုတို့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် အတန်းလိုက် ကြဲပက် စိုက်ပျိုးခဲ့ကြသည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်တိုးမြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေတောင်သူတို့ပူးပေါင်း၍ ကားလမ်းဘေးနယ်နိမိတ်မှ (၆)ပေအကွာ ကွင်းကောက်ကျေးရွာအုပ်စု၊ ဘောတလင်းကုန်းကျေးရွာတွင် (၁)ဧက၊ အိုးဘိုကျေးရွာတွင်(၁)ဧက၊ ရွှေဇံအိုးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ (၁)ဧကတို့တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် အတန်းလိုက် စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)