မိုးညို အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ(ကိုးလံကျွန်း)တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးမှ မိသားစုများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်အတူ အောက်တိုဘာလ (၂၆) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ကုန်းကြီးကျေးရွာ(ကိုးလံကျွန်း)တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကြ၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးတို့အတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၀)စုရှိ လူဦးရေ (၄၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၄,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၄,၅၀၀/-) ကျပ်အား ကျေးရွာသို့ သွားရောက်၍ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)