ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၂၇

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲကို (၁၄.၁ဝ.၂၀၂၄) ရက်နေ့မှ (၂၃.၁၀.၂၀၂၄) ရက်နေ့အထိ နေပြည်တော်တွင် (၁၀)ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အပန်းပြေစေရေးအတွက် ချောင်းသာကမ်းခြေသို့ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၃ ကြိမ်၊ ၂၄ ကြိမ်နှင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ပြိုင်ပွဲများပြုလုပ်၍ ပြိုင်ပွဲဝင်များအား ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်(၂၆၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ(၉)ခု၊ ငွေ(၁၉)ခု၊ ကြေး(၁၈)ခု၊ နှစ်သိမ့်(၂)ခု၊ စုစုပေါင်း(၄၈)ခု ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆုရရှိမှု စာရင်းတွင် ဆဋ္ဌမနေရာ ရရှိခဲ့ကြောင်း၊ ယခုနှစ်ရရှိခဲ့တဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး နောင်လာမည့်နှစ် ပြိုင်ပွဲများတွင်လည်း ယခုထက်ပို၍ တိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြသော နည်းပြ၊ အုပ်ချုပ်သူ၊ ရုံးအဖွဲ့၊ ပြိုင်ပွဲဝင်များနှင့် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင်များအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် လက်ရှိအဆင့်ထက် ပိုမိုသာလွန်သည့် ဆုတံဆိပ်များရရှိနိုင်ရေး ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြု ဆုချီးမြှင့်အတီး ပြိုင်ပွဲတွင် မယ်ဒလင်၊ ဂီတာ၊ စန္ဒယားတို့တွင် ပထမ(ရွှေတံဆိပ်)ဆုရရှိသူများ၊ အကပြိုင်ပွဲတွင် မဟာဇနက ဇာတ်တော်ကြီးတွင်ဇာတ်ညွှန်းဆု၊ မဟာဇနကဇာတ်တော်ကြီး တတိယ (ကြေးတံဆိပ်) အခြေခံပညာ (၁၀-၁၅) တစ်ဦးချင်းအကပြိုင်ပွဲတွင် အသက်အငယ်ဆုံးပြိုင်ပွဲဝင်အား ဂုဏ်ပြုဆုနှင့် ဗဟိုအဆင့် တိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ပြိုင်ပွဲဝင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်းကောင်း၊ အတီးပြိုင်ပွဲ ဝါသနာရှင် ပထမတန်းအဆင့် စောင်း၊ ဝါသနာရှင် ဒုတိယတန်းအဆင့် ပတ္တလား၊ အခြေခံပညာ(၁၀-၁၅)အဆင့် ဂီတာ၊ အခြေခံပညာ(၁၀-၁၅)အဆင့် မယ်ဒလင်တို့တွင် ပထမ (ရွှေတံဆိပ်)ဆုရရှိသူများနှင့် အဆိုပြိုင်ပွဲတွင် မဟာဂီတ ဒုတိယ(ငွေတံဆိပ်)ခေတ်ဟောင်းကာလပေါ် တတိယ (ကြေးတံဆိပ်)၊ အဆိုပြိုင်ပွဲ ခေတ်ဟောင်း ကာလပေါ်၊ အတီးပြိုင်ပွဲ ဝါသနာရှင် ပထမတန်းအဆင့် ဂီတာ တတိယ(ကြေးတံဆိပ်)၊   ဝါသနာရှင် ဒုတိယတန်းအဆင့် တယော ဒုတိယ (ငွေတံဆိပ်)၊ အဆိုပြိုင်ပွဲ အခြေခံပညာ(၁၅- ၂၀)အဆင့် ခေတ်ဟောင်းကာလပေါ် ဒုတိယ (ငွေတံဆိပ်)၊ အခြေခံပညာ (၁၅ - ၂၀)အဆင့် မဟာဂီတ တတိယ (ကြေးတံဆိပ်)နှင့် အတီးပြိုင်ပွဲ အခြေခံပညာ (၁၅ - ၂၀)အဆင့် ဂီတာတွင် ဒုတိယ (ငွေတံဆိပ်) ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ ဝါသနာရှင်နှင့် အဆင့်မြင့် ပညာအဆင့် အတီးပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ အဆိုပြိုင်ပွဲတွင် ဒုတိယ (ငွေတံဆိပ်)နှင့် တတိယ(ကြေးတံဆိပ်) ဆုရရှိသူများအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း၊ အတီးပြိုင်ပွဲ၊ အဆိုပြိုင်ပွဲတို့တွင် (ငွေတံဆိပ်)၊  တတိယ(ကြေးတံဆိပ်)နှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများမှ တီးခတ်သီဆိုဖျော်ဖြေ၍ နေ့လယ်ခင်း အစားအသောက်များဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)