လယ်ဝေး အောက်တိုဘာ ၁၈
ပြည်ထောင်စူနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိရေဘေးသင့် ကျေးရွာအုပ်စု ၆ အုပ်စုမှ ကျေးရွာပေါင်း ၁၅ ရွာရှိ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့်UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)မှ ထောက်ပံ့သောလူတစ်ဦးလျင် ၇ ပြည် ၄ ဗူး၊ အာဟာရဖြည့်ဘီစကစ် ၁၅ ထုပ်၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၉ လ အရွယ်ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ် နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆပ်ပြာတစ်ခဲစီတို့အား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်)မှ တာဝန်ရှိသူများက ယမန်နေ့တွင် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၁၆၇ စုသို့ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများဖြစ်သည့် ဘို့ကိုးလုံး၊ ညောင်ပင်အိုင်၊ ရွှေတိုက်တန်း၊ နနွင်းအိုင်၊ သာယာအေး၊ သစ်ကိုးပင်၊ သစ်ဆင်း(ဟေမာန်)၊ လေးကသိန်း၊ ပေါင်းလောင်း၊ အောင်သုခ၊ အေးချမ်းသာ၊ လက်ပန်တန်း၊ အုတ်ဖိုဇောင်းနှင့် ညောင်ပင်သာကျေးရွာများအား ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)