မင်းဘူး အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နှမ်းကို (၂၃၂၀၆) ဧက လျာထားပြီး၊ စိုက်ပျိုး သွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဆီထွက်သီးနှံအနေနဲ့ နှမ်းကို (၂၃၂၀၆) ဧက၊ လျာထားစိုက်ပျိုးသွားမှာဖြစ်ပြီး၊ ရေများပေးဝေမှုတွင် အိုင်းမဆည်မှ (၁၅၃၀၀) ဧက၊ ကမ်းနီဆိုလာလျှပ်စစ် စီမံကိန်းမှ (၃၅၀) ဧက၊ ကျောက်စံလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ (၄၀၀) ဧကနှင့် မြေအောက်ရေတူးဖော်စုပ်တင်ခြင်းလုပ်ငန်းမှ (၅၆၅၆) ဧကဖြစ်၍ စုစုပေါင်း (၂၃၂၀၆) ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
ကမ်းနီ၊ ကျောက်တန်း၊ ကျောက်စံ၊ စကုတို့အပြင် ဆည်ရေနှင့် မြေအောက်ရေရရှိသည့်နေရာများတွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း သုံးရာသီစိုက်ပျိုးနိုင်ပြီး သီးနှံများအောင်မြင် ဖြစ်ထွန်းရေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများက တောင်သူများအား သင်တန်းများပေးခြင်း၊ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ပေးခြင်များဖြင့် အထွက်နှုန်းများ တိုးတက်လာမှာဖြစ်ကြောင်း မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှလ/ထဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။
ဇေယျာထက်(မင်းဘူး)