အလုံ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ အောက်တိုဘာ (၁၅) ရက်နေ့အထိ ကောက်ကွက် (၉၆) ကွက် ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်အတွင်းတာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့အပါအဝင် စာရင်းစစ်၊ စာရင်းကောက် (၇)ဖွဲ့က ရပ်ကွက် (၁၁) ရပ်ကွက်နှင့်ကောက်ကွက် (၉၆) ကွက်ရှိ အိမ်ထောင်စု (၁၀၂၆၃) စု၊ ကျား(၁၉၃၈၆)ဦး၊ မ(၂၄၅၃၆)ဦး၊ စုစုပေါင်းလူဦးရေ (၄၃၉၂၂) ဦးတို့၏ လူဦးရနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)