ရေတာရှည် အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၊ ကွင်းအမှတ် (၆၃၈)၊ ဦးပိုင် (၇၃)၊ တောင်သူ ဦးလင်းပိုင်ဆိုင်သည့် လယ်ဧက (၀.၁၀) ဧကအား (သင့်) ကိုယ်စားပြု စံကွက်ရွေးချယ်၍ ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။
အဆိုပါရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ အနီးကပ်ကြီးကြပ်၍ YSR 1 စပါးမျိုးကို မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးခဲ့ပြီး တစ်ဧကစပါးအထွက်နှုန်း စပါးအစို (၁၀၇)တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)