ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးစီး

ရွှေတောင် အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ကွက် (၄၂၅) ကွက် ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးတို့၏ ကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့အပါအဝင် စာရင်းစစ်၊ စာရင်းကောက် (၁၆၁)ဦးက ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈) အုပ်စု၊ ကျေးရွာပေါင်း (၂၉၇) ရွာရှိ ကောက်ကွက် (၄၂၅) ကွက်ရှိ အိမ်ထောင်စု (၃၄၉၀၀) စုနှင့် လူဦးရေ (၁၁၁၄၆၄) ဦးတို့၏ လူဦးရနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)