နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

နတ်မောက် အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများတို့က မြို့မဈေးရှိ မုန့်ဆိုင်များ၌ ထုတ်ပြန်ကြေညာထားသည့် စားသုံးရန်မသင့်သော အစားအသောက်များ သက်တမ်းလွန်မုန့်မျိုးစုံနှင့် လုံခြုံစိတ်ချမှုမရှိသော ကုန်ပစ္စည်းများရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး ရောင်းချသူများအနေဖြင့် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

လှဝင်း