ဒိုက်ဦး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောကလျာ ဦးဆောင်သော ဒိုက်ဦးမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးအေးနှင့် အထူးကုဆရာ၀န်များ တိုက်နယ်ဆရာ၀န်များ/ လက်ထောက်ဆရာ၀န်/ သွားဆရာ၀န်/ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် (၉) နာရီ အချိန်က ဒိုက်ဦးမြို့နယ် စစ်ဘိုကြီးကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် စစ်ဘိုကြီးကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး အဖွဲ့၀င်ပေါင်း (၃၀) ဦး ပါ၀င်သောဆေးအဖွဲ့သည် စစ်ဘိုကြီးကျေးရွာရှိ ဒေသခံပြည်သူ (၈၅)ဦး/ မ (၁၅၀) ဦး စုစုပေါင်း (၂၃၅) ဦး ဓါတ်မှန်ရိုက်သူပေါင်း (၂၀) ဦးနှင့် Ultrasound ရိုက်သူပေါင်း (၂၆) ဦး၊ သလိပ်စစ်ဆေးသူပေါင်း (၃) ဦး/ သွေးစစ်ဆေးသူပေါင်း (၁၄) ဦး/ သွားစစ်ဆေးသူပေါင်း (၂၂) ဦးတို့အား ဆေး၀ါးအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအား ကွင်းဆင်း၍ ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)