တောင်တွင်းကြီး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော (၂)ရပ်ကွက် မင်းကွန်းကျောင်းတိုက်ဝန်းအတွင်း ယနေ့နံနက် (၇)နာရီအချိန်က ဧည့်မထဆန် နှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်ကုန်သည်များ၊ ဆီကုန်သည်များမှ ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ငွေကျပ် ၃၂၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သား ငွေကျပ် ၃၈၀၀ နှုန်းဖြင့် အုန်းတော (၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၅၀)စုအား ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက လာရောက်ဝယ်ယူခဲ့ကြသည်။
အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ဇင်ညွှန့်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဌေးဌေး၊ ဆီကုန်သည်အသင်း တာဝန်ခံများနှင့် ဆန်ကုန်သည်အသင်းတာဝန်ခံတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)