တောင်ငူ အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ဆောင်းဆီထွက်သီးနှံ (နေကြာ) အထွက်နှုန်းတိုးတက်စေရေး ပညာပေးရက်တိုသင်တန်းကို ယနေ့နံနက်၉နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဖွင့်လှစ်ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်အခမ်းအနားတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးေရးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောဇော်ဇော်ဂျိန်းတို့က နေကြာသီးနှံအထွက်တိုးရေး ဆွေးနွေးပို့ချကြရာ တက်ရောက်လာကြသော နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
အဆိုပါ ပညာပေးရက်တိုသင်တန်းသို့ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့မှ တောင်သူစုစုပေါင်း (၅၄) ဦးတက်ရောက်ခဲ့ကြပြီး၊ တောင်ငူခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) ဧကပေါင်း (၁၀၅၀) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)