ပေါက်ခေါင်း အောက်တိုဘာ ၁၀
ပေါက်ခေါင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကြသည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့တွင် ပေါက်ခေါင်းမြို့နယ် မြို့တောင်ကျေးရွာတွင် စာရင်းများဆက်လက်ကောက်ယူကြသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ခံရာသို့ ယနေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်၊ ပြည်ခရိုင် သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။
ပေါက်ခေါင်းမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကောက်ကွက်ပေါင်း ၃၉၆ ကွက်ရှိရာ၊ စာရင်းစစ်၊ စာရင်းကောက် ၁၅၁ ဦးတို့က အောက်တိုဘာ ၁ ရက်နေ့မှစ၍ ကွင်းဆင်းကောက်ခံလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)