ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ညောင်လေးပင် အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ညောင်လေးပင်မြို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကား ပြောကြားကာ ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ ညွှန်ကြားရေးမှူး၊ ယူနီဆက်အမှုဆောင်ညွှန်ကြားရေးမှူး၊ ပညာရေးအပြည်ပြည်ဆိုင်ရာအဖွဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးတို့၏ ပူးတွဲသဝဏ်လွှာအား မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစောဝါးလယ်ထူးက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)