ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇီးကုန်း အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ​စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အောက်တိုဘာလတွင် အ.ထ.က(ဇီးကုန်း)ကျောင်း၌ ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်  သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရန် အမှာစကားပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီတို့က ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကြိုတင်ဆောင်ရွက်စီမံ‌ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 ထို့နောက် အစည်းအဝေးတက်ရောက်လာကြ‌သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ တာဝန်ခံများ၊  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြပွဲပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)