မင်းလှ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၆ ရက်နေ့လယ်ပိုင်းက မင်းလှမြို့နယ်၊ သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာကွင်းအမှတ်(၇၇၄)၊ ဦးပိုင်အမှတ်(၂၀၁/၂)တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသည့်တောင်သူ ဦးစိုးလှိုင်၏ ဆင်းသုခ မိုးစပါး (၅)ဧကတွင် စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုထွက် ၁၂၀ ဒသမ ၄၅ တင်း၊ အခြောက်တင်း ၁၂၀ ဒသမ ၄၅ တင်းထွက်ရှိခဲ့ကြောင်း၊ မင်းလှမြို့နယ် အနေဖြင့် ၂၀၂၄- ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၇၆၁၄၁) ဧက စိုက်ပျိုးထားရှိကြောင်း မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀) ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)