မောက်မယ်မြို့နယ်၌ “ငွေလမင်း” အစိုးရ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ်အတိုးများ ထုတ်ပေး

မောက်မယ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး “ငွေလမင်း”အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးရခြင်းအကြောင်းဆွေးနွေးပြောကြားပြီး မြို့နယ်အတွင်းရှိ “ငွေလမင်း”အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများဝန်ထမ်းပေါင်း ၄၂၀ ဦးအတွက် စုဆောင်းငွေအတိုးများအား အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)