တမူးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

တမူး အောက်တိုဘာ ၄

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို‌ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ နိုင်ငံ့တစ်ဝန်းတွင်ကောက်ယူလျက်ရှိရာ တမူးမြို့နယ်၌ အောက်တိုဘာလ (၄)ရက်နေ့(စတုထ္တ)ရက်အဖြစ် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ဖြစ်သည့် မြို့မရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်နှင့် စန္ဒကူးရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကောက်ယူရာတွင် တမူးမြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း(၆၆)ကွက်ရှိပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးအဖွဲ့(၆)ဖွဲ့ဖြင့် အိမ်တိုင်ရာရောက် Tablet ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews CAPI) နည်းပညာဖြင့် အိမ်ထောင်စုမေးခွန်းပုံစံ (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ(၁၈)ခုတို့ အသုံးပြု၍ စာရင်းကောက်ယူလျက်ရှိသည်။ 

အဆိုပါ (စတုထ္တ)မြောက်နေ့ စာရင်းကောက်ယူနေမှုများအား ခရိုင်နှင့်မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် သန်းခေါင်းစာရင်းကော်မတီဝင်များက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးနှင့်ကျန်းမာရေးကိစ္စများအတွက် အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ