ရွှေတောင် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး
ပြည်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲနောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့်အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား (၁-၁၀-၂၀၂၄) မှ (၁၅-၁၀-၂၀၂၄) ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုရှိ အိမ်ထောင်စု စာရင်းကောက်ကွက်(၄၂၅)ကွက်တို့တွင် စာရင်းစစ်(၃၄)ဦး၊ စာရင်းကောက်(၁၂၇)ဦး၊ စုစုပေါင်း(၁၆၁)ဦးတို့ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရမည့် ပြည်သူများအားအိမ်ထောင်စု၊ လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း(၆၈)ချက်ကို မေးမြန်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းတာဝန်ကျ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ကောက်ယူလျက်ရှိရာ အိမ်ထောင်စုပေါင်း (၄၆၇၉)စု၊ လူဦးရေပေါင်း(၁၄၇၆၆)ဦး ကောက်ယူပြီးစီးကြောင်းနှင့် သတ်မှတ်ကာအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)