ပေါင်းတည် အောက်တိုဘာ ၃
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ကြသည်။
အဆိုပါ စာရင်းစစ်/စာရင်းကောက်အဖွဲ့များသည် ကောက်ကွက်ပေါင်း (၃၅၂) ကွက်တို့တွင် CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် ကောက်ယူလျက်ရှိပြီး ယခု အောက်တိုဘာလ (၁၅)ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ သန်းခေါင်စာရင်းကောက်ကွက်များအလိုက် တာဝန်ရှိသူများက စာရင်းကောက်ယူနေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့် အသင်းသားများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)