ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

ဝါးခယ်မ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမှုများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အနေဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၄၅)အုပ်စု၌ စာရင်းကောက်အဖွဲ့ (၄၆) ဖွဲ့တွင် စာရင်းစစ်/စာရင်းကောက်ဦးရေ (၂၄၄)ဦးတို့ဖြင့် အောက်တိုဘာလ (၁)ရက်နေ့ မှ စတင်ကောက်ယူလျက်ရှိရာ ကောက်ကွက်ပေါင်း(၆၄၆)ကွက်ရှိသည့်အနက် (၈၇)ကွက် ကောက်ယူပြီးစီးကြောင်းနှင့် ကျန်ရှိသည့်ကောက်ကွက်များအား သတ်မှတ်ကာလအတွင်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)