ဓနုဖြူမြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဓနုဖြူ  အောက်တိုဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယမန်နေ့တွင် ကျရောက်သည့် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ရဲမှူး ဒုရဲမှူးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ရာ အိမ်ထောင်သည်တပ်ဖွဲ့ဝင်(၁)ဦးလျှင် ဆန်(၄)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ကြက်ဥ (၁၀)လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၂၅၀ဝဝိ)နှုန်းဖြင့်လည်းကောင်း၊ လူပျို/အပျို တပ်ဖွဲ့ဝင်တစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ကြက်ဥ(၁၀)လုံး စုစုပေါင်း တန်ဖိုးငွေကျပ်(၁၄၀ဝဝိ) နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)