မာန်အောင် အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးဦးထွန်းမြင့်မှ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သင်တန်းသား/သူများအား သန်းခေါင်စာရင်း ထောက်ပံ့ပစ္စည်းနှင့်စာရင်းစစ် ခန့်အပ်လွှာများပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား၊ ကျောင်းသူ(၆၇)ဦးအား သင်တန်းနည်းပြဆရာ(၆)ဦးက အောက်တိုဘာလ(၁)ရက်နေ့မှ (၁၀)ရက်နေ့ထိ(၁၀) ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး မာန်အောင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ(၁၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)