ပခုက္ကူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ယူရာတွင်အသုံးပြုမည့် အသုံးအဆောင်များနှင့် စက်ပစ္စည်းများအားကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်ကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ၊ ဆရာမများ၊ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ စာတွေ့/လက်တွေ့စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ ၁၀၈ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရ သည်။
ဘာမီသာ(ပခုက္ကူ)