သဲကုန်း​မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

သဲကုန်း အောက်တိုဘာ ၂

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် CAPI စနစ်ကိုအသုံးပြု၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက် (၈) နာရီအချိန်က  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာသို့သွားရောက်၍ စာရင်းစစ်/ စာရင်းကောက်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက Mobile Tabletများ အသုံးပြု၍ CAPI စနစ်ဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူခဲ့​ကြသည်။

သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၆၃ အုပ်စု၌ ကျေးရွာပေါင်း ၃၀၆ ရွာ ကောက်ကွက်ပေါင်း ၃၇၃ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၁၄၅ ဦး အဖွဲ့ ၂၇ ဖွဲ့ခွဲ၍ မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)