ဖြူး အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က စည်ပင်သာယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိုက်လင်းက နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားသည်။ ဆက်လက်၍ ဂုဏ်ပြုဆုများချီးမြှင့်ရာ ရဲကျင့်ဝတ်ရေးဖြေဆု၊ မြို့နယ်အဆင့် နေအိမ်လိုင်းခန်းဆု၊ ရဲစခန်းအဆင့် နေအိမ်လိုင်းခန်းဆု၊ စိတ်ဓါတ် စည်းကမ်း ကောင်းမွန်မှုဆု၊ အကောင်းဆုံးနည်းပြဆု၊ လက်နက်ငယ်ဖြုတ်ခြင်းတပ်ခြင်း တိုက်ချွတ်ခြင်း မိသားစုဝင် (ရဲမေ) အမျိုးသမီးစစ်ရေးပြဆုရရှိသူများအားလည်းကောင်း၊ မှုခင်းများဖော်ထုတ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား တောင်ငူခရိုင်ရုံးမှ ပေးပို့လာသော ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဇနီး၊ ဖြူးမြို့မရဲစခန်းမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)