ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ကန်ကြီးထောင့် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ မြေပြင်ကွင်းဆင်းကာ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကောက်ယူရာတွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ အုပ်စုအသီးသီးတွင်  Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ကောက်ယူလျက်ရှိပြီး အဆိုပါကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ ကျေးစာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၃)အုပ်စု၊ ကောက်ကွက်ပေါင်း(၃၂)ကွက်တို့၌ စာရင်းစစ်(၃၆)ဦး၊ စာရင်းကောက်(၁၂၅)ဦးတို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ၁၅ ရက်နေ့အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား ကောက် ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)