ကျုံပျော် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတွင် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိကြသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ စာရင်းကောက်ကွက် (၆၁၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၂၃၅)ဦးတို့က အဖွဲ့ပေါင်း (၄၉)ဖွဲ့ဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)