ဓနုဖြူမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ဓနုဖြူ  အောက်တိုဘာ     ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်စာရင်းကောက်များက ယနေ့နံနက် ၇ နာရီမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတွင် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုရပ်ကွက် (၁၈)ခု၊ ကျေးရွာအုပ်စု (၆၃)အုပ်စုရှိ စာရင်းကောက်ကွက် (၄၈၄)ကွက်တွင် စာရင်းစစ်(၃၅)ဦး စာရင်းကောက် (၁၅၃)ဦး စုစုပေါင်း (၁၈၈)ဦးတို့ကအဖွဲ့ပေါင်း (၃၅) ဖွဲ့ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)