မြို့သစ် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းကမြို့ပေါ် (၅) ရပ်ကွက်သို့ စတင်၍မြေပြင်လက်တွေ့ကွင်းဆင်း၍ စာရင်းကောက်ယူခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဆရာ/ဆရာမများက Mobile Tablet များအား အသုံးပြု၍ မြို့ပေါ်ရပ်ကွက်များအတွင်း လက်တွေ့ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)