သရက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများ ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင်လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)