ပခုက္ကူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစာအုပ်စာစောင်များကို ကွင်းဆင်းငှားရမ်းဆောင်ရွက်ကြသည်။
ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံ ကွင်းဆင်း၍ စာအုပ်စာစောင်အသစ်များ လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)